နေပြည်တော်၊ အောက်တိုဘာ ၈
ရေဘေးဒဏ် ခံစားရသောဒေသများအတွက် စင်ကာပူနိုင်ငံ Mahakaruna Buddhist Society ၊ Singapore Sinhala Buddhist Association နှင့် Willing Hearts Foundation တို့က အစားအစာ၊ အဝတ်အထည်နှင့် စာရေးကိရိယာများ လွှဲပြောင်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေး ဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (DMC) ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးစိုးကြည်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ နိုင်ငံတကာ ဆက်ဆံရေးလုပ်ငန်း ကော်မတီ (နိုင်ငံခြားရေးဝန်ကြီးဌာန) ၏ ညှိနှိုင်းဆက်သွယ်ပေးမှုအရ ဆရာတော် Dr. K. Gunaratana ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်သို့ အောက်တိုဘာ ၈ ရက်က ရောက်ရှိပြီး အလှူပစ္စည်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကာ နေပြည်တော်အတွင်း ရေဘေးသင့် ဒေသများသို့ အလှူရှင်များကိုယ်တိုင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်


