နေပြည်တော် အောက်တိုဘာ ၄
ရေဘေးဒဏ် ခံစားရသော ဒေသများအတွက် ပျဉ်းမနား ဓမ္မာစရိယ စာသင်တိုက်က ငွေကျပ်သိန်း (၁၀၀) နှင့် သင်္ကန်းအစုံ (၁၀၀) ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၌ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူပြီး ကျေးဇူးတင်စကား လျှောက်ထားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ဆက်ကပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


