နေပြည်တော် အောက်တိုဘာ ၇
ရေဘေးဒဏ်ခံစားရသော ဒေသများအတွက် ပျဉ်းမနားမြို့ ကန်ဦးကျောင်းတိုက် မဟာစည်သာသနာ့ ရိပ်သာဆရာတော်၊ ပဓာနနာယက၊ မဟာကမ္မဋ္ဌာနာစရိယ၊ ဘဒ္ဒန္တ နန္ဒမာလာက ငွေကျပ်သိန်း (၁၀၀) ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူပြီး ကျေးဇူးတင်စကား လျှောက်ထားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ဆက်ကပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်