နေပြည်တော် စက်တင်ဘာ ၂၄

 

ရေဘေးဒဏ်ခံစားရသောဒေသများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၌ကျင်းပပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ဌာန၊ အဖွဲ့အစည်းများနှင့် စေတနာရှင် အလှူရှင်များက ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူကာ ကျေးဇူးတင်စကားပြောကြား၍ ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်သည်။

 

အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ခုံရုံးအဖွဲ့ဝင်နှင့် ဝန်ထမ်းများမှ ငွေကျပ်သိန်း (၅၀) Diamond Brothers Group မှ ငွေကျပ်သိန်း (၅၀) စုစုပေါင်း ငွေကျပ် သိန်း(၁၀၀) ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)