နေပြည်တော် ၃ စက်တင်ဘာ 

 

မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုနှင့်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များက အလှူငွေများ လာရောက်လှူဒါန်းလျက်ရှိသည်။

 

ထိုသို့ လာရောက်လှူဒါန်းရာတွင် ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံသဘင်ဖောင်ဒေးရှင်းက လှူဒါန်းငွေကျပ် ၁၅ သိန်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက်လှူဒါန်းရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံသည်။

 

ပြည်ထောင်စုဝန်ကြီးက ပြည်သူချစ်သော သဘင်အနုပညာရှင်များက ရေဘေးသင့်ပြည်သူများကို စာနာစိတ်ဖြင့် ထောက်ပံ့လှူဒါန်းခြင်းကို ဝမ်းမြောက်ပါကြောင်း၊ ရရှိသော လှူဒါန်းငွေများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရံပုံငွေသို့ထည့်သွင်းပြီး ရေဘေးသင့်ဒေသများအတွက် လိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၏ စီမံမှုဖြင့် စနစ်တကျထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ 

 

သတင်းစဉ်