မန္တလေး ၁၅   သြဂုတ် 


မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် သဘာဝဘေးသင့်ခဲ့သည့် ရေဘေးရှောင်ပြည်သူလူထုများအတွက် မန္တလေးတိုင်းဒေသကြီးမှ စေတနာရှင် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းငါးခုက ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခြင်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့သည်။

 
အဆိုပါ လှူဒါန်းပွဲတွင် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) က ငွေကျပ်သိန်းတစ်ရာ့တစ်ဆယ်၊ မေတ္တာကမ္ဘာပရဟိတ ကွန်ရက်က ငွေကျပ်သိန်းနှစ်ရာငါးဆယ်၊ ခိုင်မာသော ပန်းတိုင် ဆောက်လုပ်ရေးကုမ္ပဏီက ငွေကျပ်သိန်းတစ်ရာ့ငါးဆယ်၊ မန္တလေးတိုင်း ဒေသကြီးပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်းက ငွေကျပ်သိန်းနှစ်ဆယ်နှင့် ယင်းအသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းစိုးမိသားစုက ငွေကျပ်သိန်းသုံးဆယ် တို့ကို အသီးသီးလှူဒါန်းကြရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တာဝန်ရှိသူများက လက်ခံ၍ ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။


အောင်စံမောင်