ပြည် ၅ စက်တင်ဘာ
ပြည်မြို့နယ်တွင် သြဂုတ်လ နောက်ဆုံးပတ်နှင့် စက်တင်ဘာ ပထမပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နဝင်းချောင်းရေ မြင့်တက်ကာ ရေကြီးနစ်မြုပ်ခဲ့သော ဇီးအုပ်ကျေးရွာအုပ်စုမှ နတ်တလင်း၊ သဖန်းချိုနှင့် ကမ္ဘီလာကျေးရွာတို့တွင် ရေပြန်လည် ကျဆင်းသွားပြီဖြစ်သည်။
အဆိုပါကျေးရွာများသို့ ပြည်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ အရပ်ဘက်လူမှု ကူညီရေး အဖွဲ့အစည်းများ ပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါကျေးရွာတို့သို့ သွားရောက်ကာ ပြည်သူများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်း၊ ရေအိမ်များ နှင့် ရေတွင်းများကို ပိုးသတ်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးများခတ်ခြင်း စသည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မျိုးကျော်ကြီး(ပြန်/ဆက်)


