ကျိုက်မရော  ၁၅ စက်တင်ဘာ 

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စုများနှင့် အ.မ.က စာသင်ကျောင်းများသို့ ဆန်နှင့် အခြားလူသုံးကုန်ပစ္စည်းများ၊ စာသင်ကျောင်းများအတွက် စာရေးကိရိယာများကို အလှူရှင်များဖြစ်သည့် ကရင်ပြည်နယ် မြဝတီမြို့မှ ရှင်းခန့်လျှပ်စစ်ပစ္စည်းအရောင်းဆိုင် မိသားစုများက ယနေ့နံနက် ၁၁ နာရီက လာရောက်လှူဒါန်းခဲ့သည်။

 

422

 

ထိုသို့လှူဒါန်းရာတွင် ကျိုက်မရောမြို့နယ် ငပုအင်းကျေးရွာအုပ်စု နောင်နောင်ကုန်းကျေးရွာရှိ ရေဘေးသင့်အိမ်ထောင်စု (၆၃)စုနှင့် အ.မ.က စာသင်ကျောင်းများသို့ သွားရောက်ကာ ရေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ဆန်နှင့် အခြားထောက်ပံ့ရေး ပစ္စည်းမျိုးစုံကိုလည်းကောင်း၊ အ.မ.က စာသင်ကျောင်းများသို့ စာရေးကိရိယာများကို လည်းကောင်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ကျိုက်မရော)