ရန်ကုန် ၁၅ စက်တင်ဘာ
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ရေဘေးသင့်ဒေသများ အလျင်အမြန် ပြန်လည်ထူထောင်ရေးအတွက် စေတနာရှင်ပြည်သူများ၏ လှူဒါန်းငွေများ၊ လူအသုံးအဆောင် ပစ္စည်းများကို ယမန်နေ့ညနေပိုင်းက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ လာရောက်လှူဒါန်းကြရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူသည်။
အခမ်းအနားတွင် အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးက ရေဘေးသင့်ဒေသများအတွက် လာရောက်လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အလှူငွေများကို ပေးအပ်ရာ ဒဂုံအရှေ့စက်မှုဇုန်အပိုင်း(၁) အဆင့်မြှင့်တင်ကြီးကြပ်မှု ကော်မတီက ငွေကျပ် (၇,၇၅၅,ဝ၀ဝ)နှင့် ငွေကျပ် (၁,၁၈၅,ဝ၀ဝ)တန်ဘိုးရှိ လူအသုံးအဆောင်ပစ္စည်းများ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ရွာသားကြီးအလတ်စားစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီကငွေကျပ် (၁,၁၉၃,ဝ၀ဝ) ၊ KoeKoe Tech IT Social Enterprise ကငွေကျပ် (၁,ဝ၀ဝ,ဝ၀ဝ)နှင့်ငွေကျပ် (၃၁၈၀ဝ) တန်ဘိုးရှိစားသောက်ကုန်ပစ္စည်းများ၊ ကျောင်းအကျိုးတော်ဆောင် ဒေါ်ခင်ယုမွန် ဦးစီးသော အထက(၁)ဒဂုံမြို့နယ်၏ ၂၀၁၈-၂၀၁၉ တက္ကသိုလ်ဝင်တန်း EC ကျောင်းသား ကျောင်းသူများက ငွေကျပ်ငါးသိန်း၊ (၁၄၄)ရပ်ကွက် အသံ၊ အနံ့ စက်မှုဇုန်ကော်မတီက ငွေကျပ် (၃၁၅,ဝ၀ဝ) တို့ကို အသီးသီးပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြာသည်။
(သတင်းစဉ်)


