နေပြည်တော် ၁၀ သြဂုတ်

ပဲခူးတိုင်းဒေသကြီး၊မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးကြီးမှု၊မြေပြိုမှုစသော သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းများကြောင့် ပျက်စီးဆုံးရှုံးရမှုများအပေါ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် စိတ်ထိခိုက်ရကြောင်း၊ တတ်နိုင်သမျှ ပူးပေါင်းကူညီသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

mdn

 

ယင်းအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ညီနောင်အသင်းများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ကုမ္ပဏီများမှ စုပေါင်းပြီး ဆန်အိတ်များ၊မျိုးစပါးများနှင့် ဓာတ်မြေသြဇာသွင်းအားစုများကို ပြန်လည်ထူထောင်ရေး လုပ်ငန်းစတင်သည်နှင့် ကူညီထောက်ပံ့ရန် ပူးပေါင်းပါဝင်လှူဒါန်းနိုင်ပါကြောင်း အသိပေး ဖိတ်ခေါ်ထားသည်။

MDN

Credit-မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်