နေပြည်တော် စက်တင်ဘာ ၂၇
ရာဂီတိုင်ဖွန်းမုန်တိုင်းသက်ရောက်မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အချို့၌ ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသဖြင့် အဆိုပါ ရေဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စေတနာရှင် အလှူရှင်၊ လူပုဂ္ဂိုလ် များနှင့် အဖွဲ့အစည်းများက စက်တင်ဘာ ၁၁ ရက်မှ ၂၅ ရက်အထိ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၂ ခုတို့တွင် ၎င်းတို့၏အစီအစဉ်ဖြင့် အလှူငွေနှင့် အလှူပစ္စည်းများ လှူဒါန်းခဲ့ကြသည်။
နေပြည်တော်ကောင်စီနယ်မြေ
နေပြည်တော်ကောင်စီနယ်မြေတွင် အလှူရှင်ပုဂ္ဂိုလ် ၂၉၈ ပါး/ဦး အဖွဲ့အစည်း ၂၈၉ ဖွဲ့တို့က ငွေကျပ် ၈၆ ဒသမ ၃၆၃ သန်းနှင့် ငွေကျပ် ၆၆၈ ဒသမ ၅၁၉ သန်း တန်ဖိုးရှိ ပစ္စည်းများ အပါအဝင် စုစုပေါင်းငွေကျပ် ၇၅၄ ဒသမ ၈၈၃ သန်းကို တပ်ကုန်း၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ လယ်ဝေးနှင့် ပျဉ်းမနားမြို့နယ်တို့သို့လည်းကောင်း၊ ကယား ပြည်နယ်တွင် အလှူရှင်ပုဂ္ဂိုလ် ခြောက်ပါး/ဦး အဖွဲ့အစည်း ငါးဖွဲ့တို့ က ငွေကျပ် ၁၅ ဒသမ ၇၄၂ သန်းနှင့် ငွေကျပ် ၉၉ ဒသမ ၄၇၀ သန်း တန်ဖိုးရှိ ပစ္စည်းများ အပါအဝင် စုစုပေါင်းငွေကျပ် ၁၁၅ ဒသမ ၂၁၂ သန်းကို လွိုင်ကော်မြို့နယ် အတွက်လည်းကောင်း၊ ကရင်ပြည်နယ်တွင် အလှူရှင်ပုဂ္ဂိုလ် ၄၅ ပါး/ဦး အဖွဲ့အစည်း ၅၀တို့က ငွေကျပ် ၄၆ ဒသမ ၈၆၄ သန်းနှင့် ငွေကျပ် ၃၇၆ ဒသမ ၂၀ဝ သန်း တန်ဖိုးရှိ ပစ္စည်းများ အပါအဝင် စုစုပေါင်းငွေကျပ် ၄၂၃ ဒသမ ဝ၆၄ သန်းကို ဘားအံ၊ လှိုင်းဘွဲ့၊ မြဝတီ၊ ဖာပွန်မြို့နယ်များသို့ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် အလှူရှင်ပုဂ္ဂိုလ် တစ်ပါး/ဦး အဖွဲ့အစည်း ရှစ်ဖွဲ့တို့က ငွေကျပ် ၇ ဒသမ ၅၀ဝ သန်းနှင့် ငွေကျပ် ၁၆၁ ဒသမ ၉၀ဝ သန်း တန်ဖိုးရှိ ပစ္စည်းများ အပါအဝင် စုစုပေါင်းငွေကျပ် ၁၆၉ ဒသမ ၄၀ဝ သန်းကို စစ်ကိုင်းတိုင်းဒေသကြီး (ပြင်ပ) ရှိ တံတားဦး၊ ကျောက်ဆည်၊ မြစ်သား၊ ကူမဲ၊ ပျော်ဘွယ်၊ ရမည်းသင်းမြို့နယ်များသို့ လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီးတွင် အလှူရှင်ပုဂ္ဂိုလ် လေး ပါး/ဦးတို့က ငွေကျပ် ၅၀ ဒသမ ၅၀ဝ သန်းနှင့် ငွေကျပ် ၁၉၈ ဒသမ ၉၀ဝ သန်း တန်ဖိုးရှိ ပစ္စည်းများ အပါအဝင် စုစုပေါင်း ငွေကျပ် ၂၄၉ ဒသမ ၄၀ဝ သန်းကို တနင်္သာရီတိုင်းဒေသကြီး(ပြင်ပ)ရှိ ကလော၊ ညောင်လေးပင်၊ ရမည်းသင်း၊တပ်ကုန်း၊ လယ်ဝေး၊ ပျဉ်းမနား၊ တောင်ငူမြို့နယ်များသို့လည်းကောင်း သွားရောက်လှူဒါန်းခဲ့သည်။
ပဲခူးတိုင်းဒေသကြီး
အလားတူ ပဲခူးတိုင်းဒေသကြီးတွင် အလှူရှင်ပုဂ္ဂိုလ် ၂၇၉ ပါး/ဦး အဖွဲ့အစည်း ၂၃၁ ဖွဲ့တို့က ငွေကျပ် ၇၆၄ ဒသမ ၈၄၆ သန်းနှင့် ငွေကျပ် ၁၁၈၆ ဒသမ ၅၈၂ သန်း တန်ဖိုးရှိပစ္စည်းများ အပါအဝင် စုစုပေါင်းငွေကျပ် ၁၉၅၁ ဒသမ ၄၂၈ သန်းကို တောင်ငူ (ခပေါင်းခန်းမ) ရေတာရှည်၊ ထန်းတပင်၊ အုတ်တွင်း၊ ဖြူး၊ တောင်ငူ(ခရိုင်ကွပ်ကဲရေးရုံး)၊ ညောင်လေးပင်မြို့နယ်တို့သို့လည်းကောင်း၊ မကွေးတိုင်းဒေသကြီးတွင် အလှူရှင်ပုဂ္ဂိုလ် ခြောက်ပါး/ဦး အဖွဲ့အစည်း ၂၇ ဖွဲ့တို့က ငွေကျပ် ၆၃၄ ဒသမ ၆၀၅ သန်းနှင့် ငွေကျပ် ၉၃ ဒသမ ၂၄၉ သန်း တန်ဖိုးရှိ ပစ္စည်းများ အပါအဝင် စုစုပေါင်းငွေကျပ် ၇၂၇ ဒသမ ၈၅၄ သန်းကို မကွေးတိုင်းဒေသကြီး (ပြင်ပ) နေပြည်တော်၊ တောင်ငူ၊ မြစ်သား၊ ရမည်းသင်း၊ တပ်ကုန်း၊ ပျဉ်းမနား၊ ဇေယျာသီရိ၊ ဝမ်းတွင်း၊ ကလော၊ အင်းလေး၊ ကျောက်ဆည်ဒေသများသို့ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် အလှူရှင်ပုဂ္ဂိုလ် ၉၂ ပါး/ဦး အဖွဲ့အစည်း ၂၈၀ တို့က ငွေကျပ် ၈၈၂ ဒသမ ၃၉၀ သန်းနှင့် ငွေကျပ် ၁၇၄၉ ဒသမ ၉၄၀ သန်း တန်ဖိုးရှိ ပစ္စည်းများ အပါအဝင် စုစုပေါင်းငွေကျပ် ၂၆၃၂ ဒသမ ၃၃၁ သန်းကို ရွှေကူ၊သာစည်၊ ရမည်းသင်း၊ ကူမဲ၊ မြစ်သား၊ တံတားဦး၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ ဝမ်းတွင်း၊ မြစ်ငယ်၊ ပျော်ဘွယ်နှင့် မန္တလေးတိုင်းဒေသကြီး (ပြင်ပ) ဆားတောင်၊ သာဂရ၊ တပ်ကုန်း၊ ကလော၊ နေပြည်တော်ဒေသ များသို့လည်းကောင်း၊ မွန်ပြည်နယ် တွင် အလှူရှင်ပုဂ္ဂိုလ် ၂၅ ပါး/ဦး အဖွဲ့အစည်း ၁၉ ဖွဲ့တို့က ငွေကျပ် ၁၀၂၆ ဒသမ ဝ၁၀ သန်းနှင့် ငွေကျပ် ၈၄၇ ဒသမ ၅၃၉ သန်း တန်ဖိုးရှိ ပစ္စည်းများ အပါအဝင် စုစုပေါင်းငွေကျပ် ၁၈၇၃ ဒသမ ၅၄၉ သန်း ကို မွန်ပြည်နယ် (ပြင်ပ) နေပြည်တော်၊ တပ်ကုန်း၊ မြစ်သား၊ ရမည်းသင်း၊ ကျောက်ဆည်၊ တောင်ငူ၊ ပျော်ဘွယ်၊ အင်းလေး၊ ညောင်ရွှေ၊ ကလော၊ လွိုင်လင်၊ ဝမ်းတွင်း၊ ပဲခူး၊ ရေနီ၊ မတ္တရာ၊ ညောင်ဦး၊ ဟိုပန်၊ ဘားအံ၊ ကရင်၊ မန္တလေး၊ ဆွာ၊ ပဲနွယ်ကုန်း၊ ဖြူး၊ ရေတာရှည်ဒေသများသို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် အလှူရှင် ပုဂ္ဂိုလ် ၇၅ ပါး/ဦး အဖွဲ့အစည်း ၂၄၆ ဖွဲ့တို့က ငွေကျပ် ၁၆၃၂ ဒသမ ၈၅၄ သန်းနှင့် ငွေကျပ် ၄၀၇၈ ဒသမ ၃၃၅ သန်း တန်ဖိုးရှိ ပစ္စည်းများ အပါအဝင် စုစုပေါင်းငွေကျပ် ၅၇၁၁ ဒသမ ၁၉၀ သန်းကို ရန်ကုန်တိုင်းဒေသကြီး (ပြင်ပ) နေပြည်တော်၊ ပဲခူး၊ တောင်ငူ၊ ကလော၊ တပ်ကုန်း၊ ဖြူးဒေသ များသို့လည်းကောင်း သွားရောက်လှူဒါန်းခဲ့သည်။
ရှမ်းပြည်နယ်
ထို့ပြင် ရှမ်းပြည်နယ်တွင် အလှူရှင်ပုဂ္ဂိုလ် ၄၇၃ ပါး/ဦး အဖွဲ့ အစည်း ၃၇၈ ဖွဲ့တို့က ငွေကျပ် ၇၉၄ ဒသမ ၂၂၄ သန်း၊ အမေရိကန် ဒေါ်လာ ၅၀ ၊ ဘတ် ၃ ဒသမ ၄၁၁ သန်း၊ ငွေကျပ် ၁၄၀၈ ဒသမ ၄၀၉ သန်းနှင့် ဘတ် ဝ ဒသမ ၄၆၂ သန်း တန်ဖိုးရှိ ပစ္စည်းများ အပါ အဝင် စုစုပေါင်းငွေကျပ် ၂၂၀၂ ဒသမ ၆၃၃ သန်း၊ အမေရိကန်ဒေါ်လာ ၅၀၊ ဘတ် ၃ ဒသမ ၈၇၃ သန်းတို့ကို ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်၊ တောင်ကြီး၊ ကလော၊ ညောင်ရွှေ၊ လွိုင်လင်၊ လင်းခေး၊ တာချီလိတ်မြို့နယ် တို့သို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် အလှူရှင် ပုဂ္ဂိုလ် ၃၇ ပါး/ဦး အဖွဲ့အစည်း ၂၃ဖွဲ့တို့က ငွေကျပ် ၆၃၆ ဒသမ ၂၃၄ သန်းနှင့် ငွေကျပ် ၄၆၇ ဒသမ ၁၀၃ သန်း တန်ဖိုးရှိ ပစ္စည်းများ အပါ အဝင် စုစုပေါင်းငွေကျပ် ၁၁၀၃ ဒသမ ၃၃၇ သန်းကို ဧရာဝတီတိုင်းဒေသကြီး (ပြင်ပ) ရမည်းသင်း၊ တပ်ကုန်း၊ တောင်ငူ၊ ပျဉ်းမနား၊ ဝမ်းတွင်း၊ အင်းလေး၊ ကလော၊ ဟိုပုန်း၊ ကျောက်ဆည်၊ ရွှေညောင်၊ ညောင်ရွှေ၊ လယ်ဝေးမြို့နယ်များသို့လည်းကောင်း သွားရောက်လှူဒါန်း ခဲ့ကြသည်။
ရေဘေးသင့်ဒေသများသို့ သွားရောက်လှူဒါန်း
တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတို့မှ အလှူရှင်ပုဂ္ဂိုလ်စုစုပေါင်း ၁၃၄၁ ပါး/ဦး အဖွဲ့အစည်း ၁၅၅၆ ဖွဲ့တို့က ငွေကြေးတန်ဖိုးအား ဖြင့် ငွေကျပ် ၆၅၇၈ ဒသမ ၁၃၂ သန်း၊ အမေရိကန်ဒေါ်လာ ၅၀နှင့် ဘတ် ၃ ဒသမ ၄၁၁ သန်း၊ ပစ္စည်းတန်ဖိုးအားဖြင့် ငွေကျပ် ၁၁၃၃၆ ဒသမ ၁၄၆ သန်းနှင့် ဘတ် ဝ ဒသမ ၄၆၂ သန်း စုစုပေါင်း တန်ဖိုးငွေကျပ် ၁၇၉၁၄ ဒသမ ၂၇၈၊ အမေရိကန်ဒေါ်လာ ၅၀ ၊ ဘတ် ၃ ဒသမ ၈၇၃ သန်းတို့ကို ရေဘေးသင့်ဒေသများသို့ ၎င်းတို့၏ အစီအစဉ်ဖြင့် သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


