နေပြည်တော် ၂၀ သြဂုတ်
မြန်မာနိုင်ငံအတွင်း ရေးဘေးဒဏ်ခံရသည့် ဒေသများအတွက် ထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် နေပြည်တော်ကောင်စီနယ်မြေ မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံထိန်းသိမ်းရေးကော်မတီ (အဝေးပြေး)နှင့် မော်တော်ယာဉ်အသင်းများက စုစုပေါင်း လှူဒါန်းငွေကျပ် ၅၀ဝ၀ဝ၀ဝ၊ ရန်ကုန်မြို့မှ ဒေါက်တာဝေလင်းထွန်းမိသားစုက ငွေကျပ် ၁၀ဝ၀ဝ၀ဝ၀၊ နတ်မောက်ပရဟိတအဖွဲ့ပေါင်းစုံ ကွန်ရက်နှင့် နတ်မောက်မြို့နယ်အသင်း (နေပြည်တော်)က ငွေကျပ် ၁၅၁၅၅၀ဝ၊ သီတာရေစင်ပရဟိတက ငွေကျပ် ၃၀ဝ၀ဝ၀ နှင့် မူဆယ်မြို့၊ ဈေးရပ်ကွက်(ဈ-၁၃၀)နေ ဦးစိုင်းအေးသောင်၊ ဒေါ်ထင့်နိုင်၊ သမီးကြီး ဒေါ်အောင်သန္တာ MA(Eng) VICTORIA ENGLISH LANGUAGE TRAINING CLASS က လှူဒါန်းငွေကျပ် ၅၀ဝ၀ဝ၀ တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့မွန်းလွဲပိုင်းတွင် လာရောက်ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


