နေပြည်တော် ၁၆ သြဂုတ်
မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ အလှူငွေများ လာရောက်လှူဒါန်းလျက်ရှိသည်။
ထိုကဲ့သို့ လာရောက်လှူဒါန်းကြရာ ယနေ့နံနက်ပိုင်းတွင်က လျှစ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဝန်ထမ်းများနှင့်မိတ်ဆွေများက လှူဒါန်းငွေကျပ် ၇၇၁၅၀ဝ၊ ရတနာပုံ တက္ကသိုလ်ရှိ ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ ဆရာမများကိုယ်စား ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရတကသ)က လှူဒါန်းငွေကျပ် ၄၆၈၉၁၀ဝ၊ ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၇၂)ကျောင်းဆင်းအရာရှိ များက လှူဒါန်းငွေကျပ် ၁,ဝ၀ဝ,ဝ၀ဝ၊ ဦးညွန့်တင် ညွန်ကြားရေးမှူး(ငြိမ်း) + ဒေါ်နန်းရွှေမြင့် မိသားစုက လှူဒါန်းငွေကျပ် ၁၀ဝ၀ဝ၀ဝ၊ မြန်မာနိုင်ငံရိုးရာသ နပ်ဖက်လိပ်လုပ်ငန်းရှင်များအသင်းက လှူဒါန်းငွေကျပ် ၁၀ဝ၀ဝ၀ဝ၀ တို့ကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


