လှိုင်းဘွဲ   ၄ ဩဂုတ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ယမန်နေ့က လှိုင်းဘွဲချောင်းရေ မြင့်တက်လာမှုကြောင့် ကမော့ကချူးကျေးရွာအုပ်စု ဆိုင်ကလုံးရှက်တာသို့ ပြောင်းရွှေ့နေရာချထားသော ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ရိက္ခာခြောက်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရေဘေးသင့်အိမ်ထောင်စု (၂၄)စု လူဦးရေ(၁၄၁)ဦးအတွက် ကရင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခုနစ်ရက်စာ ဆန်ရိက္ခာဖိုး ငွေ ၂၉၆၁၀၀ ကျပ်ကို ကရင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းက လက်ခံရယူခဲ့ပြီး ဗိုလ်မှူးကြီးမင်းဇော်က မားမား(၂)ဖာနှင့် ကြက်ဥ(၄)ကဒ်အား ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ဗိုလ်မှူးကြီးမင်းဇော်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ကရင်ပြည်နယ် ညွှန်ကြားရေးမှူး ဦးလင်းထွဋ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းနှင့် တာဝန်ရှိသူများက ရေကြီးနစ်မြှပ်ခဲ့သော ရပ်ကွက်များအား စက်လှေဖြင့် လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

IMG_20190803_145701

HB 4819