ကျိုက်မရော ၃၀ စက်တင်ဘာ
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော မိုးစပါးများ အစားထိုးပြန်လည်စိုက်ပျိုးနိုင်ရန်နှင့် ရေဘေးသင့်တောင်သူများ အချိန်မီ ပြန်လည် ထူထောင်နိုင်ရေး အတွက် မျိုးစပါးများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(ရွှေဟင်္သာ)ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာချိကျိဖောင်ဒေးရှင်းတာဝန်ခ ဦးကျော်ခင်က မျိုးစပါး ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည် ။
ထို့နောက်ရေဘေးသင့်တောင်သူများအား မျိုးစပါးတင်း ၆၉၀ဝ ကို ကို တောင်သူများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ မြန်မာ ချိကျိဖောင်ဒေးရှင်းမှ တာဝန်ရှိသူများအားဂုဏ်ပြမှတ်တမ်းလွှာများပြန်လည် ပေးအပ် ခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး ( ကျိုက်မရော )


