နေပြည်တော်၊  ၃၁  ဒီဇင်ဘာ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၃၀ ရက် နံနက် ၁၁ နာရီခွဲတွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာအနီး၊ တာမခန်-ဆိပ်မူသွားကားလမ်းတွင် ကျော်ကျော် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ  သုည ဒသမ ၂၉၇ ကီလို ကိုလည်းကောင်း၊

 

အလားတူ ယင်းနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ရွှေဘိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ ရန်ကြီးအောင်လမ်း၊  သက္ကယ်တန်းချောင်းတံတားထိပ်တွင် ဟိန်းထက် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၄,၄၅၀၊ စိတ်ကြွရူးသွပ်ဆေးပြား အကျိုးအကြေအမှုန့် သုည  ဒသမ ၂ ကီလို ကိုလည်းကောင်း၊

 

ထို့အတူ ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးသွားကားလမ်း၊ မိုင်တိုင်အမှတ် (၈၀/၄)တွင် မြင့်လွင် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်နှင့် ရှေ့ပြေးအဖြစ် ဇော်မင်းထွန်း မောင်းနှင်ပြီး မောင်မောင် လိုက်ပါလာသော မော်တော်ဆိုင်ကယ်တို့ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၂,၆၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

(သတင်းစဉ်)