ရွှေဘို မတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက မတ် ၁၅ ရက်က မင်းကျီးကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားတည်ဆောင်ရွက်နေမှု အခြေ အနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရွှေဘိုခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက မင်းကျီကျေးရွာ၌ ၂၀၂၁-၂၀၂၂ခု ခြောက်လဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၉၆ဒသမ၃၃) သန်းဖြင့် ဂုဏ်ရှိန်ဝင့်ထည် ကုမ္ပဏီက တာဝန်ယူဆောင်ရွက်သည့် ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ခရိုင်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီမှတာဝန်ခံများနှင့် ကျေးရွာကော်မတီဝင် များအား လုပ်ငန်းအရည်အသွေး သတ်မှတ်စံချိန်စံညွှန်းပြည့်မီကာ သတ်မှတ်အချိန်ပြီးစီးရေး ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ ညွှန်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိတောင်သူများနှင့် လယ်ယာမြေဧက (၁၀၀၀)ခန့်ကို အကျိုးပြုမည် ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


