ရွှေဘို  ၁၈  ဇွန်


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်း သီးနှံဖျက်ပိုးကာကွယ်နှိမ်းနင်းရေး အလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၁၈ ရက် နံနက် ၉ နာရီက ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။


ရှေးဦးစွာ ရွှေဘိုမြို့နယ် တောင်သူလယ်သမားကိုယ်စားလှယ် ဦးရွှေက အမှာစကား ပြောကြားပြီး ရွှေဘိုခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းထွန်းက အလုပ်ရုံဆွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် သီးနှံဖျက်ပိုးများ ကျရောက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။


ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်မာချိုမှ ဆစ်ပိုး အန္တရာယ်ကာကွယ်နှိမ်းနင်းရေးနှင့် (FAW) ငမြောင်တောင်ပိုးများ၏ ဘဝစက်ဝန်းများ၊ အလေ့အထများ၊ ကာကွယ်နှိမ်နင်းရေးဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အကြောင်းကိုလည်ကောင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့တာဝန်ခံ ဒေါ်မေကြွယ်ဝင်းက တောင်သူများစိုက်ပျိုးရာတွင် အဓိကကျသော မျိုးစေ့ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် မျိုးစေ့မှန်ကန်သုံးစွဲနိုင်ရေး၊ စစ်မှန်သောမျိုးစေ့ရရှိရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ မြေအသုံးချရေးတာဝန်ခံ ဒေါ်စီစီဝမ်းမှ သီးနှံများအထွက်တိုး ကောင်းမွန်ရေးအတွက် မြေဆီလွှာများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်းကို အသီးသီးဆွေးနွေး ပြောကြားခဲ့သည်။ 


အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ရွှေဘိုခရိုင်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း စုစုပေါင်း(၅၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


ထွန်းမြင့်အောင်(ရွှေဘို)

 

1