ရွှေဘို  ၂၅  ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း ပရဟိတဂေဟာ၊ ဘိုးဘွားရိပ်သာနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ကျပ်သိန်း ၅၁၇၉၃၀ဝ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက ရွှေဘိုမူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပသည်။

 

ရှေးဦးစွာ ရွှေဘိုခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှုး ဒေါ်နွယ်နွယ်ဦးက လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် ယခုနှစ် ဘဏ္ဍာရေးနှစ်တွင် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း တစ်ကျောင်းလျှင် တာဝန်ခံ ကျောင်းအုပ်(၁)ဦးကို ငါးသောင်းကျပ်နှုန်းဖြင့် လည်းကောင်း၊ စာသင်ဆရာမ(၁)ဦးကို သုံးသောင်း‌ကျပ်နှုန်းဖြင့် လည်းကောင်း၊ သင်ထောက်ကူပစ္စည်းများအတွက် တစ်သိန်းကျပ်နှုန်းဖြင့် လည်းကောင်း၊ ပရဟိတဂေဟာနှင့် ဘိုးဘွားရိပ်သာများကို အဆင့်(၃)ဆင့်ဖြင့် ထောက်ပံ့ပြီး ပထမအဆင့်တွင်(ဆန်)၊ ဒုတိယအဆင့်တွင်(ဆန်၊ စားစရိတ်၊ ဝတ်စရိတ်)၊ တတိယအဆင့်တွင် (ဆန်၊ စားစရိတ်၊ ဝတ်စရိတ်၊ ဂေဟာမှူး လစာ)တို့ကို ထောက်ပံ့‌ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ခရိုင်ဦးစီးမှုး ဒေါ်နွယ်နွယ်ဦးမှ ခရိုင်အတွင်းရှိ ပရဟိတဂေဟာကျောင်း(၄)ကျောင်းအတွက် ထောက်ပံ့ ငွေကျပ် (၃၃၁၅၉၀ဝ၀)၊ ဘိုးဘွားရိပ်သာ(၁)ကျောင်းအတွက် ထောက်ပံ့ငွေကျပ် ၁၆၇၄၀ဝ၀ နှင့် ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်း(၁၆)ကျောင်းအတွက် ထောက်ပံ့ငွေကျပ် ၁၆၉၆၀ဝ၀ဝ တို့ကို တာဝန်ရှိသူများအား အသီးသီးပေးအပ်ခဲ့သည်။

 

ထွန်းမြင့်အောင်(ရွှေဘို)