ရွှေဘို ၃၀ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်းတို့ပူးပေါင်း၍ စာရေးဆရာ ဆူးငှက်၏ လူငယ်တွေဖတ်ဖို့ လူငယ်အတွေးစာစုများ စာအုပ်စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ရွှေဘိုခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ Community Center ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဉီးစွာ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ခရိုင်ဦးစီးမှုး ဦးမျိုးမင်းဇော်က စာပေဝါသနာရှင်များအချင်းချင်း ရင်းနှီးထိတွေ့မှုရှိပြီး အသိပညာဗဟုသုတများ အပြန်အလှန်ဆွေးနွေး၍ မျှဝေတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် ပြည်သူများ စာပေလေ့လာဖတ်ရှုမှု ပိုမိုတိုးတက်လာကာ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်းဝင်များက စာရေးဆရာအောင်ဖုန်းညိုနှင့် ကဗျာဆရာ မိုးစက်(ကျွန်းလှ)တို့က စာရေးဆရာဆူးငှက်၏ လူငယ်တွေဖတ်ဖို့ လူငယ်အတွေးစာစုများစာအုပ်မှ အကြောင်းအရာ အချက်အလက်များကို ဆွေးနွေး ပြောကြားခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင်များက သိလိုသည်များကို အပြန်အလှန် ဆွေးနွေး ပြောကြားခဲ့ပြီး အဆိုပါစာဖတ်ဝိုင်းကို ၂ ပတ်လျှင်တစ်ကြိမ်နှုန်း ပြုလုပ်ခဲ့ရာ ယခုစာဖတ်ဝိုင်းမှာ (၄၅)ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)