ရွှေဘို ၁၅ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၌ ရွှေကူကြီး ဘုရားပွဲတော် အမှတ်တရ ရွှေတိဂုံ ပန်းပေါင်းစုံရုပ်ပွားတော် (၅၂၀) လှူဒါန်းပွဲ ယနေ့နံနက် ၈ နာရီတွင် အမှတ် (၇)ရပ်ကွက် ဝက်လည်ရွဲရပ် ရွှေကူကြီးဘုရား ရွှေကူကြီးဓမ္မာရုံမှာ ကျင်းပခဲ့သည်။
ရွှေဘိုမြို့၌ ရွှေကူကြီး ဘုရားပွဲတော်တွင် ဆွမ်းလောင်းအသင်းကို လိုက်ပါကုသိုလ်ပြုကြသော လုပ်အား ကုသိုလ်ရှင်များ/ဆွမ်းလောင်းလှူသူများအား ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ ယုံကြည်ကိုးကွယ်ကုသိုလ်ရှင်များကို ကိုးကွယ်ရန်အလို့ငှာ ဝေငှလှူဒါန်းပေးကုသိုလ်ပြုခြင်းကို တော်ဝင် "မုန့်တိုက်” မိသားစုတို့မှ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရုပ်ပွားတော်လှူဒါန်းခြင်း ပြုလုပ်တာ (၄) ကြိမ်မြောက်ဖြစ်ခဲ့ပြီး ရုပ်ပွားတော် စုစုပေါင်း (၂၀၈၀) ဆူ ရှိဖြစ်ကြောင်းသိရသည်။
ငွေအိုး (ကသာ)


