ရွှေဘို ၁၂   စက်တင်ဘာ 


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် ဒုတိယမြောက်ဘဏ်ခွဲအဖြစ် ဂုဏ်ထူးဆောင် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Glory Farmar's Development Bank) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရွှေဘိုမြို့ အမှတ်(၃)ရပ်ကွက် BOC မီးပွိုင့်အရှေ့ရှိ အဆိုပါ ဘဏ်ရှေ့မုဒ်ဦး၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီး တက်ရောက်ခဲ့သည်။


ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်း၊ လူဝန်ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ် ဖွံ့ဖြိုးရေးဝန်ကြီး ဦးမိုးကျော်သူ၊ ရွှေဘိုခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင်၊  ဂုဏ်ထူးဆောင်တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးဘဏ်(G-Bank)မှ ဒုတိယဥက္ကဋ္ဌ ဦးမောင်ကိုနှင့် ဦးကျော်မိုးနိုင်၊ ဂုဏ်ထူးဆောင်တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးဘဏ်(G-Bank)မှ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်သော ဒေါက်တာ နိုင်ဝင်းနှင့် ဦးစိန်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်တို့က ရွှေဘိုမြို့ ဂုဏ်ထူးဆောင် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ခွဲ(G-Bank)ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး အခမ်းအနားသို့ တက်ရောက်လာကြသည့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ  အဆိုပါဘဏ်အဝင်တံခါးအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ဘဏ်အတွင်းသို့ လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပထမဦးဆုံး ဂုဏ်ထူးဆောင်တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ကို ၂၀၁၈-ခုနှစ်၊ စက်တင်ဘာ (၂၇)ရက်နေ့က မုံရွာမြို့တွင်လည်းကောင်း၊ အလားတူ ယခု ၂၀၁၉-ခုနှစ်၊ စက်တင်ဘာ (၁၂)ရက်နေ့တွင် ရွှေဘိုမြို့၌ ဒုတိယမြောက် ဂုဏ်ထူးဆောင်တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးဘဏ်ခွဲကို ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။


ထွန်းကိုကို (ယင်းမာပင်)

 

e DSC0