ရွှေဘို၊  ၁၉  ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ယာယီဆေးရုံတွင် ကုသမှုခံယူနေသည့်  ကိုဗစ်-၁၉ အတည်ပြုလူနာ ၈ ဦးကို  ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း ရွှေဘိုမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစောသက်လျာအောင်က ပြောသည်။

 

ဆေးရုံဆင်းခွင့်ရသူများမှာ အမျိုးသား(၂) ဦးနှင့် အမျိုးသမီး(၆) ဦးဖြစ်ပြီး ၎င်းတို့မှာ ရွှေဘိုမြို့နယ် ညောင်ပင်သာ ကျေးရွာမှ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၄) ဦး၊  ရွှေဘိုမြို့က အမျိုးသား(၁) ဦးနှင့် အမျိုးသမီး(၂) ဦး စုစုပေါင်း (၈)ဦး ဖြစ်ကြောင်း သိရသည်။

 

ဆေးရုံဆင်းခွင့်ရသူများအနေဖြင့်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ နေအိမ်တွင် ၇ ရက် အသွားအလာကန့်သတ် နေထိုင်ရမည်ဖြစ်သည်။ ရွှေဘိုမြို့နယ်တွင် ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းအထိ အတည်ပြုလူနာ ၁၅၆ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၁၂၂ ရှိကြောင်း သိရသည်။

မိုးသောက်(ရွှေဘို)