ရွှေဘို ၂၃ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရှိ လောကမာရဇိန်ဘုရားဝင်းအတွင်း အောက်တိုဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီက ရွှေဘိုမြို့နယ်၊ ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shops) (OSS)မှ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးချစ်စမ်းမောင်က ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ပါဝင်သော ဌာနဆိုင်ရာ (၁၀)ခုတို့၏ လုပ်ငန်းသဘောသဘာဝများနှင့် ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်(OSS)မှ တာဝန်ရှိသော ဌာနဆိုင်ရာများက ကျေးရွာပြည်သူများ ဆောင်ရွက်လိုသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယခုလို ကျေးရွာအရောက် အိမ်ထောင်စုဇယား၊ မှတ်ပုံတင်နှင့် ယာဉ်မောင်းလိုင်စင်များကို လာရောက်ဆောင်ရွက်ပေးသောကြောင့် ကျေးဇူးအထူးတင်ကြောင်း ဆိပ်ခွန်ကျေးရွာသား ဦးဝင်သန်းက ပြောသည်။
စိုးသီဟ(ကုန်းဘောင်)


