ရွှေဘို  ၁၇  မေ

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ခွန်တောင်းငယ်ကျေးရွာတွင် မေ ၁၇ ရက် နံနက်ပိုင်းက မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့​သဖြင့် လူနေအိမ် တစ်လုံး ဆိုင်ကယ်တစ်စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့် ထံမှ သိရသည်။

 

ဖြစ်စဉ်မှာ မေ ၁၇ ရက် နံနက် ၁ နာရီခွဲခန့်က ရွှေဘိုမြို့နယ်၊ ခွန်တောင်းငယ်ကျေးရွာ၌ မီးလောင်နေကြောင်း သတင်းအရ ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့် ဦးဆောင်၍  မီးငြှိမ်းသတ်ယာဥ်တစ်စီး၊ ရေသယ်ယာဥ်တစ်စီး၊  သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ( ၁၀ ) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀) ဦး၊ ရဲတပ်ဖွဲ့ဝင် ( ၃) ဦး၊ ကျေးရွာနေပြည်သူ (၃၀၀ ) တို့  ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ မိနစ် ၅၀  တွင် မီးငြိမ်းသွားကြောင်း သိရသည်။

 

 မီးလောင်မှုဖြစ်ပွားရခြင်းမှာ အိမ်ရှင် ဦးသန်းထိုက်အောင် ၏ နေအိမ်မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိထရံသို့ မီးကူးစက်ကာ မီးလောင်မှုဖြစ်ပွားခဲ့​ကြောင်း သိရသည်။ မီးလောင်မှုကြောင့် ဦးသန်းထိုက်အောင် (၂၃ နှစ်) ၏ သွပ်မိုး၊ ထရံကာ၊ မြေစိုက်လူနေအိမ် (၁) လုံး၊ ဆိုင်ကယ် (၁) စီး၊ မီးလောင်ဆုံးရှုံးခဲ့​ပြီး၊ လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

 

မိုးသောက်(ရွှေဘို)