ရွှေဘို ၂၀ ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိစေရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ  ဧပြီ ၁၉ ရက် နံနက် ၈ နာရီက ရွှေဘိုမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဆာမူအဲလ် ဦးဆောင်သော ခရိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် (၈) ဦးတို့သည် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးအတွက် ရွှေဘိုခရိုင်လမ်းဦးစီးဌာန၊ ခရိုင်တရားရုံး မြို့နယ်တရားရုံးနှင့် ဥသျစ်ကန်ကျေးရွာအုပ်စု ရန်ကြီးအောင်ကွက်သစ်တို့တွင် ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အလားတူ ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာတွင် ဧပြီ ၁၉ ရက် နံနက် ၈ နာရီက ဆိပ်ခွန်နယ်မြေမီးသတ်စခန်းမှ တာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်ထက်ဦး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ နေအိမ်များ၊ ဘုန်းကြီးကျောင်းများကို ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်ခဲ့သည်။

 

ယင်းသို့ဆောင်ရွက်ရာတွင် ကိုဗစ်- ၁၉ ရောဂါနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်ရမည့် အချက်များ၊ စနစ်တကျလက်ဆေးနည်းများ၊ နာချေ ချောင်းဆိုးရာတွင်လိုက်နာရမည့်အချက်များ၊ နှာခေါင်းစည်း စနစ်တကျတပ်ဆင်ပုံနည်းလမ်းများကို လိုက်လံသတိပေးနှိုးဆော်ခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်က ပြောသည်။

 

မိုးသောက်(ရွှေဘို)

 

mdn