ရွှေဘို ၃၀ ဇူလိုင် 


စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုခရိုင် ရွှေဘိုမြို့  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်  မြို့နယ်ဘဏ်ခွဲမှ  ၂၀၁၉ - ခုနှစ် မိုးရာသီ စိုက်ပျိုးစားရိတ်ချေးငွေများကို  မေလ  ၆ ရက်မှစတင်၍ ထုတ်ချေးပေးနေပြီး ရွှေဘိုမြို့နယ်အတွင်း  ၇၂ အုပ်စုရှိ တောင်သူပေါင်း  ၁၅၀ဝ၀ ခန့်ကို ချေးငွေစုစုပေါင်း သိန်းပေါင်း တစ်သိန်းနှစ်သောင်းခန့်  ချေးပေးရန် လျာထားကြောင်း သိရသည်။


ရွှေဘိုမြို့နယ်အတွင်း  မိုးရာသီစိုက်ပျိုးစားရိတ် ထုတ်ချေးပြီး အုပ်စု  ၄၆ အုပ်စုရှိ  တောင်သူပေါင်း  ၈၃၅၄  ဦးကို  ချေးငွေပေါင်း ၇၁၃၅၇ ဒသမ ၅ သိန်း  ထုတ်ချေးပြီးဖြစ်၍  ကျန်ရှိသောအုပ်စုမှ တောင်သူများအား သြဂုတ်လကုန်အပြီး ထုတ်ချေးမည်ဖြစ်ကြောင်း သိရသည်။


ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ   ထွန်စက်ကြီး လေးစီးနှင့်  ရိတ်သိမ်းခြွေလေ့စက်  ရှစ်စီး ဝယ်ယူရန်အတွက်  ကျပ်သန်းပေါင်း  ၅၀ဝ၀ ထုတ်ချေးပြီးကြောင်း သိရသည်။ စပါးတစ်ဧက ကျပ် ၁၅၀ဝ၀ဝ နှုန်း  နှင့် အခြားသီးနှံ တစ်ဧက  ကျပ် ၁၀ဝ၀ဝ၀  နှုန်းချေးပေးနေသည်။ ၂၀၁၈ ခုနှစ်တွင် စပါးစိုက်ဧက  ၆၀ဝ၀ဝ ကျော် နှင့် အခြားသီးနှံစိုက်ဧက  ၁၇၀ဝ၀ ကျော်ရှိပြီး   ၂၀၁၉ ခုနှစ်တွင်  စပါးစိုက်ဧက  ၇၀ဝ၀ဝ  ကျော်နှင့်  အခြားသီးနှံစိုက်ဧက  ၂၀ဝ၀ဝ  ကျော်ရှိကြောင်း သိရသည်။


၂၀၁၈ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျန်  ၁၁၀၅၇ ဒသမ ၅ သိန်း ကျန်ရှိပြီး  ကိုးဆယ်ရာခိုင်နှုန်းမှာ ကောက်ခံရရှိပြီးဖြစ်ကြောင်း  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်  ရွှေဘိုမြို့နယ် ဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ  ဦးခင်မောင်လွင် က ပြောသည်။


မိုးသောက် (ရွှေဘို)