ရွှေဘို ၂၆ မတ်


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် ၂၀၁၉ ခုနှစ် ရွှေဘိုမြို့နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ (ဖလား) ကျေးရွာအလိုက် အမျိုးသားဘောလုံးပြိုင်ပွဲများအား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေဘိုမြို့နယ် အားကစားမှူး ဒေါ်စုလှိုင်နှင်းက ပြောသည်။

 

1


အဆိုပါ ကျေးရွာအလိုက် အမျိုးသားဘောလုံး ပြိုင်ပွဲများအား မတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီတွင် ရွှေဘိုမြို့ အမှတ်(၃)ရပ်ကွက် ရန်ကြီးအောင် အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း၌ စတင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး မေလ ၃၀ ရက်အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ ပွဲစဉ်ပေါင်း ၅၂ ပွဲ ရှိပြီး ဘောလုံးအသင်းပေါင်း ၃၂ သင်းရှိကြောင်း သိရသည်။


ဘောလုံးပြိုင်ပွဲနှင့် ပတ်သက်၍ ရွှေဘိုမြို့နယ် အားကစားသမားများ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်ဆွေ က "ရွှေဘိုမြို့က ဘောလုံးချစ် ပရိသတ်တွေ မျှော်လင့်စောင့်စားနေတဲ့ ကျေးရွာအလိုက် အမျိုးသား ဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခွင့်ရတဲ့အတွက် အင်မတန် ဝမ်းသာပီတိ ဖြစ်ရပါတယ်၊ ဘောလုံး ထူးချွန်တဲ့ လူငယ် မျိုးဆက်သစ်များ ပေါ်ထွက်လာဖို့ အခွင့်အခါကောင်းပါပဲ၊ ဘောလုံးပြိုင်ပွဲများကို အားပေးဖို့ ပြောချင်ပါတယ်" ဟု ပြောကြားခဲ့သည်။


မိုးသောက်(ရွှေဘို)