ရွှေဘို ၁၀ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် စက်တင်ဘာ ၉ ရက် ညနေပိုင်းက လမ်းလယ်မီးတိုင် အုတ်ခုံအား ဆိုင်ကယ်ဖြင့်ဝင်တိုက်မိ၍ လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရွှေဘိုမြို့တွင် စက်တင်ဘာ ၉ ရက် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်က ရွှေဘိုမြို့ အမှတ်(၃) ရပ်ကွက် ရန်ကြီးအောင်ပန်းခြံရှေ့တွင် အရှေ့မှအနောက်သို့ ဝမ်းကျော်ကျော် မောင်းနှင်လာသော ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်မီးတိုင်အုတ်ခုံအား ဝင်ရောက်တိုက်မိကာ ဆိုင်ကယ်တိမ်းမှောက်ပြီး ဝမ်းကျော်ကျော်တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ရွှေဘိုပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် ညနေ ၄ နာရီခွဲတွင် အခင်းဖြစ်စဉ်က ရရှိသောဒဏ်ရာများနှင့် သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
မိုးသောက်(ရွှေဘို)