မန္တလေး ၂၄ အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရှေ့ဆောင်ငွေစုငွေချေးအသင်းသည် ကိုဗစ်-၁၉ ကာလအတွင်း သမဝါယမအသင်းသားများအား စုဆောင်းငွေပေါ်အတိုးနှင့် အသင်းသားချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က အဆိုပါအသင်းရုံးရှိရာ မြေတိုင်းကျောင်းရုံး၌ ပြုလုပ်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် အသင်းသားတစ်ဦးလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် အသင်းသား ၁၅၄ ဦးအား စုစုပေါင်း (၁၅)သိန်း လေးသောင်းနှင့် စုဆောင်းငွေပေါ်အတိုး ကျပ်သိန်း (၆၀)ကျော် ထုတ်ပေးခဲ့ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော အမှုဆောင် များနှင့် အသင်းသားများ၏ သားသမီးများကို ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးကြည်၊ ရှေ့ဆောင် ငွေစုငွေချေးအသင်း ဉက္ကဋ္ဌနှင့် အမှုဆောင်တို့ ပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မင်းထက်အောင် (မန်းကိုယ်ပွား)