ရန်ကုန် ဖေဖော်ဝါရီ ၂၃

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ သည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ၇ ရပ်ကွက် ဗိုလ်အောင်ကျော်လမ်းရှိ အမှတ်(၂၂)အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်၍ ရေစီးရေလာကောင်းမွန် စေရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေး မြောင်းဖုံးပါအုတ်ရေမြောင်း တည်ဆောက်ရန် ပြင်ဆင် ဆောင်ရွက်နေမှုလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။

ထို့ပြင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ၆ ရပ်ကွက်နှင့်  ၇ ရပ်ကွက်အကြား ဗိုလ်အောင်ကျော်လမ်းရှိ ဗိုလ်အောင်ကျော်အိမ်ရာဝင်းရှေ့ အင်းဂလိုင်ချောင်းတံတား ရေစီးရေလာကောင်းမွန်စေရေး အမှိုက်နှင့်နုန်းများ ဆယ်ယူ ရှင်းလင်းနေမှု၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် အမှတ် (၄)ရပ်ကွက် ဘုရင့်နောင် တံတားအမှတ်(၁)အနီး ရန်ကုန်-ပုသိမ် လမ်းတောင်ဘက်ခြမ်း ရေစုကန်ရေမြောင်းမှ ညောင်ချောင်းရေတံခါးသို့ ရေမြောင်းဖောက် လုပ်နေမှုနှင့်  အလုံမြို့နယ် စောရန်ပိုင် တောင် ရပ်ကွက်ရှိ သစ်တောလမ်းဘေး ဝဲ၊ ယာ (အောက်ကြည့်မြင်တိုင်လမ်းမှ မင်းရဲကျော်စွာ လမ်း)အထိ လမ်းသားတိုးချဲ့ ကွန်ကရိခင်းနေမှုနှင့် လူသွားစင်္ကြံတည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒုတိယမြို့တော် ဝန်က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်၊ လမ်းပေါ်ရေတင် ရေဝပ်မှုမရှိ စေရေး အလေးထားဆောင်ရွက်ရန်နှင့် လမ်းပေါ်ကျရောက်သည့် သစ်ပင်အုပ်မိုးကိုင်း များရှင်းလင်းရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်