ရန်ကုန် မေ ၂
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
မြို့တော်ဝန်နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်နှင့် အင်းစိန်မြို့နယ် မင်းဓမ္မလမ်း အောင်သိဒ္ဒိချောင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှု၊ မင်္ဂလာဒုံမြို့နယ် ကြံခင်းစုရပ်ကွက် တံတားကြီးချောင်း ရေစီးရေလာကောင်းမွန်ရန် ဆောင်ရွက်နိုင်ရေး၊ အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းရပ်ကွက် ပြည်လမ်းဝဲ/ယာ အုတ်ရေမြောင်းတည်ဆောက်နေမှု၊ မင်္ဂလာဒုံမြို့နယ် ပလရရပ်ကွက် ပြည်လမ်းကတ္တရာကွန်ကရိ (AC) ခင်းကျင်းနေမှုနှင့် ရှမ်းစုမှတ်တိုင်အနီး မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင် အမှတ်(၀၂၅)ရှေ့ လမ်းတိုးချဲ့၍ ကွန်ကရစ်ခင်းကျင်းနေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
သတင်းစဉ်