ရေစကြို၊   ၁၂    ဇန်နဝါရီ

 

ရေစကြိုမြို့ ကံပွင့်ရေအလှူတော်အဖွဲ့က ဘောင်ဘဲ့တန်းကျေးရွာသို့ ဇန်နဝါရီ ၁၂ ရက် နံနက် ၁၀ နာရီ က သောက်သုံးရေလှူဒါန်းခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ ဘောင်ဘဲ့တန်းကျေးရွာရှိ အိမ်ထောင်စု ၃၈၅ စု၊ လူဦးရေ ၁၁၆၀ အတွက် သောက်သုံးရေ အဆင်ပြေစေရေး သောက်သုံးရေဂါလန် ၁၈၀ဝ ဆံ့ တစ်စီး လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အလားတူ ဆပ်သွားကျေးရွာသို့လည်း   ကံပွင့်ရေအလှူတော်အဖွဲ့က သောက်သုံးရေဂါလန် ၁၈၀ဝ ဆံ့ ရေကား နှစ်စီးအား ကျေးရွာသောက်သုံးရေလှောင်ကန်၌ ဖြည့်ဆည်းလှူဒါန်းခဲ့ကြောင်းသိရသည်။

 

ရေစကြိုမြို့ ကံပွင့်ရေအလှူတော်အဖွဲ့က ရေစကြိုမြို့နယ်အတွင်းရှိ  သောက်သုံးရေလိုအပ်သော ကျေးရွာများကို ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်ထိ သောက်သုံးရေ ဂါလန် ၁၈၀ဝ ဆံ့ ၁၄၈ ခေါက် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ရေစကြို ပြန်/ဆက်