ရေစကြို ၂၉ ဇွန်

 

ရေစကြိုမြို့ ကံပွင့်ရေအလှူတော်အဖွဲ့က ကုက္ကိုစုကျေးရွာသို့ ဇွန်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက သောက်သုံးရေများလှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကျေးရွာတွင် အိမ်ခြေ  ၁၉၅ အိမ်၊ အိမ်ထောင်စု(၂၄၈)၊ လူဦးရေ (၁၀၆၅)ဦးအတွက် သောက်သုံးရေအခက်အခဲမရှိစေရးအတွက် ကံပွင့်ရေအလှူတော်အဖွဲ့က သောက်သုံးရေဂါလန် ၁၈၀ဝ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကုက္ကိုစုကျေးရွာဟာ ယခင်က အင်ဂျင်စက်ဖြင့်မောင်းနှင်၍ သောက်သုံးရေအသုံးပြုပြီး ယခုတွင် ဆိုလာရေတင်စနစ်ဖြင့် ပြောင်းလဲအသုံးပြုရာ  အခက်အခဲအနည်းငယ်ရှိသဖြင့် ၄င်းကျေးရွာရှိ ရေလှောင်ကန်၌ ကျေးရွာနေပြည်သူများသောက်သုံးရေအခက်အခဲမရှိစေရန် ယခုလအတွင်း  သောက်သုံးရေဂါလန် ၁၈၀ဝ ဆံ့ ၄ ခေါက်လှူဒါန်းခဲ့ကြောင်း ကံပွင့်ရေအလှူတော်အဖွဲ့၏တာဝန်ခံ ဦးခင်ဇော်ထံမှ သိရသည်။

 

နွယ်နွယ်အောင်(ပြန်/ဆက်)

 

mdn