ရေစကြို ဧပြီ ၂၀
ပခုက္ကူခရိုင်၊ ရေစကြိုမြို့တွင် ယနေ့ နံနက် ၁၀ နာရီ ၁၇ မိနစ်ခန့်က အမှတ်(၈)ရပ်ကွက်၊ သုခဝတီရပ်အတွင်း လူနေအိမ်သုံးလုံး မီးလောင်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင် ၂၃ ဦး၊ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ် (၂)စီး၊ မြို့မစျေးသီးသန့် မီးသတ်တပ်ဖွဲ့မှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ စတားပဲကြော်ဖိုလုပ်ငန်းမှ ရေသယ်ယာဉ် (၁)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း၊ အိမ်ပိုင်ရှင်ဖြစ်သူ ဦးဖိုးဝင်း (၄၉)နှစ် ကိုယ်တိုင် အရက်ကြောင်၍ အဝတ်များအား မီးပုံရှို့ရာမှ အနီးရှိ ထရံကာအား မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လူနေအိမ်(၃)လုံး မီးလောင်ဆုံးရှုံးခဲ့ကာ ဦးဖိုးဝင်းမှာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း၊ မီးလောင်မှုနှင့်ပတ်သက်၍ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေစကြို(ပြန်/ဆက်)