ရေစကြို ၇ ဇွန်

 

ရေစကြိုမြို့ ကံပွင့်ရေအလှူတော်အဖွဲ့သည် ဥက္ကံကျေးရွာသို့ ယနေ့နံနက်ပိုင်းက သောက်သုံးရေများ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဥက္ကံကျေးရွာရှိ အိမ်ခြေ ၁၉၆၊ အိမ်ထောင်စု ၂၁၅၊ လူဦးရေ ၁၁၈၆ ဦးအတွက် သောက်သုံးရေ အခက်အခဲမဖြစ်စေရန် ကံပွင့်ရေအလှူတော်အဖွဲ့မှ ရေဂါလန် ၁၈၀ဝ ကို ကျေးရွာပြည်သူ လူထုထံ လှူဒါန်းခဲ့သည်။ အလားတူ သဲတောကျေးရွာ Facility Quarantine စခန်းသို့လည်း ရေဂါလန် ၁၈၀ဝ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ယခုနှစ်အတွင်း ရေစကြိုမြို့နယ်ရှိ သောက်သုံးရေခက်ခဲသောကျေးရွာများသို့ ၆၉ ကြိမ်တိုင် သွားရောက် လှူဒါန်းပြီးပြီဖြစ်ကြောင်း သိရသည်။

 

နွယ်နွယ်အောင်