ရေစကြို ၃၀ ဇူလိုင်
ရေစကြိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ကျောက်လှည်းဘီးကျေးရွာသို့ ယနေ့နံနက် ၈ နာရီက သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် ရေစကြိုမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးညီညီအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကျောက်လှည်းဘီး ကျေးရွာရှိ အိမ်ထောင်စု(၄၆) လူဦးရေ (၂၄၄)ဦးခန့်အတွက် သောက်သုံးရေ ဂါလန် (၁၈၀ဝ)အား စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
နွယ်နွယ်အောင်(ပြန်/ဆက်)


