ပခုက္ကူ ၃၀ အောက်တိုဘာ
ရေစကြိုမြို့နယ်ရှိ ကျေးရွာ ခြောက်ရွာ၌ လျှပ်စစ်မီးဖွင့်ပွဲကို အောက်တိုဘာ ၂၉ ရက်ညနေပိုင်းက ကျင်းပသည်။
ရေစကြိုမြို့နယ် နှောင်းဘကျေးရွာ၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေနှင့် ကျေးရွာ ပြည်သူ ပူးပေါင်း ကောင်အထည်ဖော်ခဲ့သည့် လျှပ်စစ်မီးဖွင့်ပွဲကို အောက်တိုဘာ ၂၉ ရက် ည ၉ နာရီက ကျင်းပသည်။
အလားတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေနှင့် ပြည်သူပူးပေါင်း၍ အလယ်ကျော (အနောက်) ကျေးရွာ၊ ရပ်သာကျွန်း၊ ဇီးပင်ကျွန်းကျေးရွာများနှင့် အမျိုးသားလျှပ်ဓာတ်အား လျှပ်စစ်ရရှိရေး စီမံကိန်း (NEP) အစီအစဉ်ဖြင့် ဟင်္သာကျေးရွာနှင့် ကိုရင့်ကျေးရွာများ၌ မီးဖွင့်ပွဲများ ကျင်းပခဲ့သည်။
ရေစကြိုမြို့နယ်တွင် ယခုနှစ်အတွင်း အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းဖြင့် ကျေးရွာ ၁၃ ရွာနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာ ၁၄ ရွာ မီးလင်းနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ကိုဇော်(ဓာတု)


