ရေစကြို ၆ ဇန်နဝါရီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုတို့သည် ယနေ့နံနက်ပိုင်းက ရေစကြိုမြို့နယ် ချစ်သူ-ညောင်ပင် ဒီပသရဖူဇက်ကူးတို့ဖွင့်ပွဲသို့ တက်ရောက် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုတို့သည် ညောင်ပင်-ငတရော် ကုန်ထုတ်လမ်း ဖွင့်ပွဲနှင့် ငတရော်ဆိုလာမီးလင်းရေး ဖွင့်ပွဲသို့လည်း တက်ရောက် ဖွင့်လှစ်ခဲ့ပြီးနောက် ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ကထိန်အလှူပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖွင့်ပွဲများသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုတို့နှင့်အတူ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ တင်ဌေးအောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ငွေ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်သောင်းနှင့် ဉီးမင်းဟန်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ထွန်း၊ ဌာနဆိုင်ရာအသီးသီးမှ မြို့နယ်ဉီးစီးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နွယ်နွယ်အောင် (ရေစကြို ပြန်/ဆက်)