ရေစကြို ၆ သြဂုတ်
ရေစကြိုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်ရှိ မြို့တွင်းကတ္တရာခင်းခြင်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေအား သြဂုတ် ၆ ရက် နံနက် ၈ နာရီက လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်စည်ပင်မှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရေစကြိမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျပ် ၁၀ သန်းအထက် လုပ်ငန်းများကို တင်ဒါစနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ သန်းလွင်ဦး(ရေစကြို)ကုမ္ပဏီက ငွေကျပ် ၅၄ ဒသမ ၃ သန်းဖြင့် တာဝန်ယူဆောင်ရွက်သည့် လမ်းအရှည် ၁၈၃၀ ပေ၊ အကျယ်အဝန်း ၁၈ ပေ၊ ထုထည် ၉ လက်မရှိသော ကျန်စစ်သားလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း၊ မြသဇင်အောင်ကုမ္ပဏီက ငွေကျပ် ၈၈ သန်းနှင့် ၆၇ သန်းဖြင့် တာဝန်ယူဆောင်ရွက်သည့် လမ်းအရှည် ၂၄၈၀ ပေ၊ အကျယ် အဝန်း ၁၈ ပေ၊ ထုထည် ၉ လက်မရှိသော စံပယ်လမ်းကတ္တရာခင်းခြင်းလုပ်ငန်းနှင့် လမ်းအရှည် ၁၈၉၀ ပေ၊ အကျယ်အဝန်း ၁၄ ပေ၊ ထုထည် ၉ လက်မရှိသော ဗန္ဓုလလမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများ ၅၀ ရာခိုင်နှုန်းပြီးစီးမှုအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်သောင်းနှင့် ဦးမင်းဟန်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်စိုးဝင်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာတို့က လုပ်ငန်းအရည်အသွေး ပြည့်မှီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရေစကြို (ပြန်/ဆက်)