မကွေးတိုင်းဒေသကြီး ရေစကြိုမြို့ နယ်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုး လျက်ရှိရာ မတ်ပဲ (နွေ) သီးနှံကို အများအပြား စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

 

မတ်ပဲ(နွေ) သီးနှံကို ဒီဇင်ဘာ လနှင့် ဇန်နဝါရီလများ၌ စတင် စိုက်ပျိုးကြပြီး မေလနှင့် ဇွန်လ များတွင် ရိတ်သိမ်းရကြောင်း၊ ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် မတ်ပဲမျိုးစေ့ နှစ်တင်းခန့် ကုန်ကျစိုက်ပျိုးရကြောင်း၊ မျိုး၊ သွင်းအားစု၊ ထွန်ယက်ခ၊ ရိတ်သိမ်းခြွေလှေ့ခ၊ လုပ်သားခအပါအဝင် တစ်ဧက လျှင် စုစုပေါင်း ငွေကျပ် ၈-၁၀ သိန်းကျပ်ခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် မတ်ပဲ ၂၀-၂၅ တင်း ခန့်ထွက်ရှိပြီး စိုက်ပျိုးမြေအနေ အထားနှင့် သီးနှံဖြစ်ထွန်း အောင်မြင်မှုအပေါ် မူတည်၍ အထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ ရောင်းချကြောင်း၊ ယခုအချိန်တွင် မတ်ပဲသီးနှံများ လှိုင်လှိုင်ထွက်ပေါ် လျက်ရှိကြောင်း၊ ရာသီဥတုဒဏ် ခံနိုင်ပြီး ပျက်စီးဆုံးရှုံးမှုနည်းပါး သော မတ်ပဲ(နွေ) သီးနှံကို သီးထပ် အဖြစ် အများအပြား စိုက်ပျိုးကြ ကြောင်း မတ်ပဲ (နွေ) သီးနှံစိုက် တောင်သူတစ်ဦးထံမှ သိရသည်။

DOCA (မကွေး)