ရေစကြို  အောက်တိုဘာ ၁၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကြီးမှူးကာ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလျှော့ချနိုင်စေရန်၊ ရေအလေအလွင့် ဆုံးရှုံးမှုကိုလျှော့ချနိုင်စေရန်၊ ရေအရင်းအမြစ်များ ဆုံးရှုံးမှုများကို လျှော့ချနိုင်စေရန်ရည်ရွယ်၍ အစိမ်းရောင် ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါ ဦးစီးဌာနရုံး၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ပို့ချခဲ့ကြောင်းသိရသည်။

အဆိုပါ သင်တန်းတွင် သဘာဝပတ်ဝန်းကျင်နှင့် ညီညွတ်သော အခြေခံအဆောက် အအုံများတည်ဆောက်ခြင်း၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလျှော့ချခြင်း၊ ရေအလေအလွင့်ဆုံးရှုံးမှုကို လျှော့ချခြင်း၊ ရေအရင်းအမြစ်၊ သစ်တောအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း အစရှိသည့် အကြောင်းအရာများအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက တစ်ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုသင်တန်းကို ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာ ၂၂ ရွာမှ သင်တန်းသား(၂၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ဦး