ရေစကြို ၂၁ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီးပခုက္ကူခရိုင် ရေစကြိုမြို့နယ်ရှိ ကျေးလက်တောင်သူများ အိန္ဒိယဒန့်သ လွန်မျိုးများ စီးပွားဖြစ်စိုက်ပျိုးမှုများလာကြောင်း ရေစကြိုမြို့နယ် အိန္ဒိယဒန့်သလွန်စီးပွားဖြစ်စိုက် ပျိုးနေသည့် ဦးမြသင်းထံက သိရသည်။
ရေစကြိုမြို့နယ်ရှိ ကျေးလက်တောင်သူများသည် အိန္ဒိယဒန့်သလွန်မျိုး MPK1ဒန့်သလွန်မျိုး ကိုစီးပွားဖြစ်စိုက်ပျိုးလာရာ ထွက်ရှိလာသည့် ဒန့်သလွန်သီးများအား ရန်ကုန်၊မန္တလေးမြို့ကြီးများ သို့ ပွဲစားများမှတဆင့်ရောင်းချခြင်း၊ စိုက်ပျိုးသည့်တောင်သူများကိုယ်တိုင် သွားရောက်ရောင်းချခြင်း များဖြင့် ဒန့်သလွန်ဈေးကွက်ရှိနေပြီဖြစ်ကြောင်း ရေစကြိုမြို့နယ် သံပြာချောင်းကျေးရွာမှဒန့်သလွန် ခြောက်ဧကစိုက်ပျိုးထားသည့် ဦးမြသင်းကပြောကြားသည်။ အိန္ဒိယဒန့်သလွန်မျိုးအစေ့တစ်စေ့လျင် ၁၀ဝကျပ်ပေးဝယ်ရပြီး ပျိုးထောင်စိုက်ပျိုးကြောင်း ၊ ပျိုးထောင်ချိန် ၁၅ ရက်ရှိလျှင် စိုက်မည့်မြေနေ ရာသို့ရွေ့စိုက်၍ရကာ ခြောက်လရှိလျှင် အပွင့်စတင်ပွင့်ကာ အသီးသီးကြောင်း၊ စိုက်ပျိုးရာတွင် ကိုး ပေပတ်လည်စိုက်ပြီး ဖြစ်ထွန်းလာသည့် ဒန့်သလွန်ပင် မြင့်ပြီး ရှည်မြောမသွားစေရန် ခေါင်ကိုင်းဖြတ် ဖြတ်ပေးမှသာ အပင်မမြင့်တော့ဘဲ အခက်အလက်ဖြာထွက်ကာပင်စည်တုတ်လာကြောင်း ဦးမြသင်း ကပြောကြားသည်။
ဒန့်သလွန်ရွက်ပင်မှထွက်ရှိသည့် အသီး၊အရွက်ကုန်ကြမ်းများမှ အဆင့်မြင့်ကုန်ချောထုတ် လုပ်ကာ ပြည်ပနိုင်ငံများဖြစ်သည့် ဂျပန်၊စင်္ကာပူ၊ အိန္ဒိယနိုင်ငံများမှဝယ်လိုအားများလာကြောင်းနှင့် မြို့ကြီးများသို့ ဒန့်သလွန်သီး(အတောင့်)အရေအတွက်နှင့်ရောင်းချနေရကြောင်းသိရကာ ဒန့်သလွန် သီး(တတောင့်)လျှင် ၂၀ဝ ကျပ် အထက်ရောင်းချရကြောင်း ဒန့်သလွန်စိုက်ပျိုးရောင်းချသူများကပြော ပြသည်။ ဒန့်သလွန်စိုက်ပျိုးရာတွင် ရေပေးရန် ရေမြောင်းလုပ်ထားရကြောင်း ရေကြိုက်သော်လည်း ရေဝပ်လျှင် အပင်မဖြစ်ထွန်းကြောင်း (ရေဝပ်တာမကြိုက်)နှင့် တစ်နှစ်လျှင် သုံးကြိမ်သီးပြီး အပင်ကိုင်းများ ခုတ်ဖြတ်ပစ်ရကြောင်း ဒေသမျိုးရင်း ဒန့်သလွန်ပင်များအား အိမ်ခြံစည်းရိုးနှင့် ယာ ခင်းစပ်များတွင် ဟင်းချက်စားသုံးရန်သာ စိုက်ပျိုးကြကာ ယခုအခါ အိန္ဒိယဒန့်သလွန်မျိုးများ စီးပွား ဖြစ်စိုက်ပျိုးသူများလာနေပြီဖြစ်ကြောင်း ကျောက်ပန်းတောင်း၊မြင်းခြံ ၊ ပခုက္ကူမြို့(မြစ်ခြေ)၊ရေစကြို နှင့်ဝမ်းတွင်းမြို့နယ်များတွင် စီးပွားဖြစ် စိုက်ပျိုးမှုများနေပြီဖြစ်ကာ အိန္ဒိယ ဒန့်သလွန်မျိုး PMK 1 မျိုးသာအများဆုံးစိုက်ပျိုးကြပြီး ဒေသမျိုးရင်းဒန့်သလွန်လည်း စိုက်ပျိုးမှုများလာနေပြီဖြစ်ကာ ဒန့်သလွန်သက်တမ်း နှစ်နှစ်ဆယ်ထိ ရှည်ကြာကြောင်း သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း