ရေစကြို ၆ ဧပြီ
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ကျောက္ကာကျေးရွာနှင့် ချင်းယားကုန်းကျေးရွာရှိ ဒေသခံပြည်သူများ သောက်သုံးရေ ဖူလုံစေရေးအတွက် ယနေ့ နံနက်ပိုင်းက ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရေပေးရာတွင် ရေစကြိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ခရိုင်ကျေးလက် ဦးစီးဌာနပိုင် ရေသယ်ယာဉ်ဖြင့် ကျောက္ကာကျေးရွာရှိ အိမ်ခြေ ၄၅ အိမ်၊ လူဦးရေ ၂၀၄ ဦးအတွက် ရေဂါလန် ၁၆၀၀၊ ချင်းယားကုန်းကျေးရွာရှိ အိမ်ခြေ ၁၃၉ အိမ်၊ လူဦရေ ၆၄၉ ဦးအတွက် ရေဂါလန် ၁၆၀၀ စုစုပေါင်း ရေဂါလန် ၃၂၀၀ အား ကျေးရွာနေပြည်သူများ သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေး အိမ်ထောင်စုအလိုက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


