ရေစကြိုမြို့နယ်တွင် ကိုဗစ်-၁၉  ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူများအား အသိပညာပေးနှိုးဆော်

mdn

 ရေစကြို    ဩဂုတ် ၂

ရေစကြိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူများအား အသိပညာ ပေးနှိုးဆော် ခြင်းကို ဩဂုတ် ၂ ရက် နံနက် ၇ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးဆော်သြမှုများ ဆောင်ရွက်ရာတွင် ရေစကြိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍  ရေစကြို မြို့နယ်အတွင်း အမှတ်(၈)ရပ်ကွက်ရှိ ပြည်သူ့အားကစားဝန်အတွင်း ယာယီပျံကျစျေးနှင့် အမှတ်(၃)ရပ်ကွက်ရှိ မြို့မစျေးကြီး(၁)၊ (၂)များသို့ စျေးရောင်ချသူ/ စျေးဝယ်သူမိဘပြည်သူများအနေဖြင့် ရောဂါကူးစက်ခံရမှုမရှိစေ ရေးအတွက် လက်ရှိအခြေအနေတွင် အတက်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ လူစုလူ ဝေးပြုလုပ်ခြင်း သွားလာခြင်းကို ရှောင်ကြရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ရန်၊ တစ်ခုခုကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ် ပြာဖြင့် အနည်းဆုံး စက္ကန့် (၂၀)ကြာအောင် စနစ်တကျဆေးရန်၊ အကယ်၍ မိမိတို့၌ ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက် မကွက် ဆေးကုသမှုခံယူကြပါရန်၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီးထိန်းချုပ် နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန်အတွက် တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရေစကြိုမြို့နယ်တွင် ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၂၀၂ ဦးရှိပြီး ဇူလိုင် ၁၅ ရက်က သေဆုံးသူ ၁ ဦး၊ ဇူလိုင် ၂၂ ရက်က   သေဆုံးသူ ၂ ဦး၊ ဇူလိုင် ၂၆ ရက်က ၂ ဦး၊ စုစုပေါင်းသေဆုံးသူ ၅ ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။

နော်နော် (ချင်းတွင်းသား)