ရေစကြို ၃၀ ဇူလိုင်
ရေစကြိုမြို့နယ် မအူအောက်ဆိပ်ကျေးရွာအုပ်စု၊ မအူငယ်ကျေးရွာတွင် ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ် ၁ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြသည်။
အဆိုပါ မအူအောက်ဆိပ်ကျေးရွာအုပ်စု၊ မအူငယ်ကျေးရွာတွင် ချင်းတွင်းမြစ်ရေ တိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ် ၁ လုံး၊ အိမ်ထောင်စု ၁ စု၊ လူဦးရေ ၃ ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၁၀၀၀၀ဝ၊ ဆန်ရိက္ခာဖိုး ၆၃၀ဝ ကျပ်၊ စုစုပေါင်းငွေကျပ် ၁၀၆၃၀ဝ အား ကျေးရွာအုပ်ချုပ်ရေးမှူး လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နွယ်နွယ်အောင်