ရေစကြို၊ ၁၄ မေ
ရေစကြိုမြို့နယ်တွင် မေ ၁၂ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သော အခြေခံပညာကျောင်းများအတွက်သွပ်နှင့်သံများ ထောက်ပံ့ပေးအပ်ပွဲကို မေ ၁၄ ရက် နံနက် ၁၀နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါလေဘေးသင့် အခြေခံပညာကျောင်းများကို ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးညီညီအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ယာယီရဲမှူး တင်လတ်၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးက မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကျော်ဝင်းတို့က အလယ်ကျောကျေးရွာအုပ်စု၊ ဇီးပင်ကုန်း အ.မ.ကကျောင်းဆောင် ၂ ဆောင်အတွက် ၁၂ ပေသွပ် ၄၅ ချပ်နှင့်သံ ၂ ပိဿာ၊ ဆင်တဲကျေးရွာအုပ်စု၊ ဆင်တဲ အ.လ.ကကျောင်းအတွက် ၈ ပေသွပ် ၂၆ ချပ်နှင့် သံ ၁ ပိဿာ၊ အလယ်သောင်ကျေးရွာအုပ်စု၊ အလယ်သောင် အ.ထ.ကကျောင်းအတွက် ၁၀ ပေသွပ် ၁၅ ချပ်နှင့်သံ ၁ ပိဿာ၊ ဆင်တဲကျေးရွာအုပ်စု၊ နတ်ဝေးအ.မ.ကကျောင်းအတွက် ၁၂ ပေသွပ် ၄ ချပ်နှင့်သံ ၁ ပိဿာ စုစုပေါင်းထောက်ပံ့ပစ္စည်း တန်ဖိုးငွေကျပ် ၈၅၁၄၀၀ ကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ကျောင်းအကျိုးတော်ဆောင်ကော်မတီတို့ထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ရေစကြို ပြန်/ဆက်


