ရေစကြို ၂ အောက်တိုဘာ
သီတင်းကျွတ်လ ရောက်ရှိလာပြီဖြစ်သဖြင့် ရေစကြိုမြို့မှ မီးပုံးပြုလုပ် ရောင်းချသူများသည် နှစ်စဉ် ရောင်းချမြဲဖြစ်သည့် ဖောက်သည်အရောင်းဆိုင်များသို့ လှိုင်လှိုင်ပေးပို့ ရောင်းချနေရပြီဖြစ်ကြောင်း သိရသည်။
“ဒီသီတင်းကျွတ်လထဲမှာ မီးပုံးလေးတွေရောင်းရဖို့ကို ဝါခေါင်လကနေ စလုပ်တာပေါ့ သီတင်းကျွတ် လဆန်းတာနဲ့ ဖောက်သည်တွေဆီ လှိုင်လှိ်ုင်စရောင်းရတာပေါ့။ သူတို့ ရောင်းကောင်းရင် ကောင်းသလို များများမှာတယ်။ ၁၀ဝ တန် မီးပုံးလေးတွေက ရောင်းအကောင်းဆုံးပဲ” ဟု မီးပုံးပြုလုပ်ရောင်းချသူ ဦးသိန်းဦးက ပြောသည်။
မီးပုံးပြုလုပ် ရောင်းချသူများသည် နေအိမ်များတွင်ချိတ်ဆွဲရသည့် မီးပုံးငယ်များနှင့် ကား၊ သင်္ဘော၊ လေယာဉ်ပျံစသည့် ကလေးငယ်များ ဆော့ကစားရသည့် မီးပုံးပုံစံ အမျိုးမျိုးကို ပြုလုပ်ရောင်းချလေ့ရှိရာ မီးပုံး ပုံပေါ်မူတည်ကာ ငွေကျပ် ၁၀ဝ မှ ငွေကျပ် ၃၀ဝ၀ အထိ ဈေးအမျိုးမျိုးဖြင့် ရောင်းချရကြောင်း သိရသည်။
အိမွန်ဆွေ(ရေစကြို)


