တံတားဦး  ၂၉   မေ

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ မြင်းသည် ကျေးရွာအုပ်စု ကျောက်တိုင်ကျေးရွာရှိ ပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန်အတွက် ရည်ရွယ်ပြီး ရေဂါလန် (၁၀၀) ဆံ့ ကွန်ကရစ် မိုးလှောင်ရေစုကန်များ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

 

အဆိုပါ မိုးလှောင်ရေစုကန်များ ဆောင်ရွက်ပေးရာတွင် မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇင်ထွန်း(၂)နှင့် ဝန်ထမ်းများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးခဲ့ပါကြောင်း ကျောက်တိုင်ကျေးရွာရှိ ပြည်သူများ သောက်သုံးရေရှားပါးမှု အခက်အခဲမှ အဆင်ပြေစေရန်အတွက် ရေကိုအလွယ်တကူ သုံးစွဲနိုင်ရန်ရည်ရွယ်ပါကြောင်း၊ ဒါ့အပြင် အဆိုပါကျေးရွာတွင် အိမ်ထောင်စု (၆၆) စုအတွက် တစ်အိမ်ထောင်လျှင် ရေဂါလန် (၁၀၀)ဆံ့ ကွန်ကရစ် မိုးလှောင်ရေစုကန် (၁) လုံးစီ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်ဇင်ထွန်း(၂)၏ ပြောကြားချက်အရ သိရသည်။

 

ဆက်လက်၍ အဆိုပါ ကွန်ကရစ် မိုးလှောင်ရေစုကန်မှာ တစ်ကန်လျှင် မျက်နှာပြင်အဝိုင်း အကျယ်မှာ(၂ ပေ ၆ လက်မ) ၊ အမြင့် (၃) ပေ ထု (၂) လက်မရှိပြီး  တစ်ကန်၏ ကုန်ကျငွေမှ ာ(၅) သောင်းကျပ်ဖြစ်၍ စုစုပေါင်း (၃၃) သိန်းကျပ် ကုန်ကျပါကြောင်း ယခုဆောင်ရွက်ပေးသည့် လုပ်ငန်းမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ ငွေလုံးငွေရင်းဖြင့် တည်ဆောက်ပေးခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြား ကြောင်းသိရှိရသည်။

 

ရဲတင့်(တံတားဦး-ပြန်/ဆက်)