နေပြည်တော် ၁၀ အောက်တိုဘာ
Regulatory Environment and Investment Case for Coastal Landscape Mangrove Restoration in Myanmar အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် နေပြည်တော် ရှိ Park Royal Hotel ၌ ကျင်းပသည်။
ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်စေရေးအတွက် Nationally Determined Contribution (NDC) ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် “နားလည်မှုစာချွန်လွှာ” တစ်ရပ်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် Global Green Growth Institute (GGGI) တို့အကြား ၂၀၁၇ ခုနှစ်က လက်မှတ်ရေးထိုး၍ ဆောင်ရွက်နေခြင်းဖြစ်သည်။ နားလည်မှု စာချွန်လွှာအရ သစ်တောဦးစီးဌာနနှင့် GGGI တို့ ပူးပေါင်း၍မြန်မာနိုင်ငံတွင် Landscape restoration, forest based value chains နှင့် climate finance များအတွက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ (၂) ရက်မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။
ဒီရေတောများသည် ကုန်းမြေနှင့် ရေနေသတ္တဝါများအကြား ဆက်စပ်ပေးနေသည့်အတွက် ဒီရေတောများကိုစနစ်တကျ စီမံအုပ်ချုပ်ရန် လိုအပ်လျက်ရှိသည်။ GGGI အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတို့နှင့် ပူးပေါင်း၍ “Development of Investment Case for Coastal Landscape Mangrove Restoration in Myanmar” စီမံကိန်းကို တစ်နှစ်သက်တမ်းရှိ exploratory Project အဖြစ်ရန်ပုံငွေထောက်ပံ့၍ ဧရာဝတီတိုင်းဒေသကြီးတွင် ဆောင်ရွက်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်လည်း တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သိရသည်။ ယနေ့ အလုပ်ရုံဆွေးနွေးပွဲသည် အဆိုပါ စီမံကိန်းအတွက် ဖော်ဆောင်ထားသည့် Conceptual framework နှင့် analytical models များအကြောင်း ဆွေးနွေးသွားမည်ဖြစ်ပြီး အဆိုပါ analytical models များအား လက်တွေ့အသုံးချနိုင်ရေးအတွက် ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း သိရသည်။
အခမ်းအနားတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က အမှာစကားပြောကြားပြီး သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မတီနှင့် Global Green Growth Institute (GGGI) မှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


